ဟင်္သာတ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် စာရေးဆရာ ဒေါက်တာဌေးလှိုင် (ရူပဗေဒ)ရေးသားသည့် နားနားနေနေ စာအုပ်နှင့် စာရေးဆရာသက်ဝေမောင် ရေးသားသည့် ပြိုင်ပွဲဝင်ဆုရ လက်ရွေးစင်ဝတ္ထုတိုများမှ အကြောင်းအရာများကို စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင် စာရေးဆရာ ဒေါက်တာဌေးလှိုင် (ရူပဗေဒ)ရေးသားသည့် "နားနားနေနေ စာအုပ်မှ စာဖတ်သောအသိုင်းအဝိုင်းများ ဝိုင်းဝန်းဖန်တီးကြစို့" ခေါင်းစဉ် နှင့် စာရေးဆရာသက်ဝေမောင် ရေးသားသည့် ပြိုင်ပွဲဝင်ဆုရ လက်ရွေးစင်ဝတ္ထုတိုများမှ "မြင်းမိုရ်ချင်းတော့ မတူပါလေ" ဝတ္ထုတို့ကို စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးကြသည်။ အဆိုပါစာဖတ်ဝိုင်းကို ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် ဟင်္သာတမြို့နယ် Women Club အဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာကြသော Women Club အဖွဲ့များ၊ စာပေချစ်ပရိတ်သတ်များ၊ စာပေဝါသနာ ရှင်များမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဟင်္သာတခရိုင်(ပြန်/ဆက်)