ထားဝယ် မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃:၃၀နာရီအချိန်ခန့်က ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပသည်။
နေပြည်တော်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့၌ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင် ရွေးချယ်ရေးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အမျိုးသားဘောလုံး သမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း တနင်္သာရီဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်ထံမှ သိရသည်။
ထို့နောက် ပထမပွဲစဉ်အဖြစ် ကျွန်စုမြို့နယ်အသင်းနှင့် ရေဖြူမြို့နယ်အသင်းတို့က ယှဉ်ပြိုင်ကစားကြရာ ရေဖြူအသင်း က(၆)ဂိုး(၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးပြိုင်ပွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ အားကစားသမားများ နှင့် အားကစား ဝါသနာရှင်များတို့ က တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား အသက်(၂၁)နှစ်အောက်အမျိုးသား ဘောလုံး ပြိုင်ပွဲတွင် မြို့နယ်အလိုက် အုပ်စုများခွဲ၍ မေ ၂၈ ရက်နေ့ အထိယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်းသတင်း ရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)