မင်းလှမြို့နယ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတတ်အောင်ဆောင် ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

 

မင်းလှ မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်  မြို့နယ် စီမံ အုပ်ချုပ် ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများတွေဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတတ် အောင်ဆောင် ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက်ကပြုလုပ်ခဲ့သည်။

 အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးညွှန့်က အခြေခံပညာ ကျောင်းများတွင် ကျောင်း အပ်နှံရေးနှင့် ဇွန်လ() ရက်နေ့တွင် ကျောင်းများဖွင့်လှစ် နိုင်ရေးကိစ္စရပ်များ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးစသည့် ကိစ္စရပ်များကို အလေးထား ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးတင်မောင်သန်းက မြို့နယ် လုံခြုံရေးအတွက် စီမံဆောင်ရွက် ထားခြင်းများနှင့် အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပွားလာပါက ချက်ချင်း အကြောင်းကြား ဆက်သွယ်ရန်နှင့် ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့် တွေ့ကြုံနေရသည့်အခက်အခဲများကိုဆွေးနွေးတင်ပြခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်း ဆောင်ရွက် နိုင်ရေးညှိနိုင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ပေါက်စ ပြန်/ ဆက်