လှိုင်းဘွဲ မေလ ၁၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဆည်ရေ၊မြစ်ရေ တင်ရေများဖြင့် ၂၀၂၁ခုနှစ် နွေစပါး ၁၉၂၀၈ ဧကအား ဒီဇင်ဘာလမှစတင်ကာ စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဆည်ရေဖြင့် (၈၄၈)ဧက၊ မြစ်ရေတင်ရေဖြင့် (၁၁၅၀)ဧက၊ မိုးကောင်းသောက်ရေ ဖြင့် (၁၇၂၁၀)ဧကအား ၂၀၂၀ခုနှစ် ဒီဇင်ဘာလမှစတင်၍ စိုက်ပျိုးခဲ့ရာ စိုက်ပျိုးပြီးစီး၍ ၂၀၂၁ခုနှစ် မေလနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းထံမှ သိရသည်။
နွေစပါးစိုက်ပျိုးတောင်သူများ စပါးစိုက်ပျိုးရာတွင် လွယ်ကူလျင်မြန်စွာဖြင့် အထွက်နှုန်း တိုးတက် ကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချစက်ကိရိယာများ ငှားရမ်းပေးခြင်း၊ စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းကြီး၍ လိုအပ်သည့် ပံ့ပိုးကူညီမှုများအား ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)