အိမ်မဲမြို့နယ်တွင် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန် အားကစားနည်း(၅)မျိုး အခမဲ့သင်ကြားပေး

အိမ်မဲ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန်အားကစားနည်း(၅)မျိုး အခမဲ့သင်ကြားပေးခြင်း ကို မြို့နယ်အားကစားခန်းမ၌ မေလ ၁၀ ရက်နေ့ကစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့အထိ ဆက်လက် သင်ကြာနေကြောင်းသိရသည်။

အဆိုပါအားကစားနည်း(၅)မျိုးမှာ မြန်မာ့သိုင်း၊ Fitness Dance ၊ စာပွဲတင် တင်းနစ်၊ ဘောလီဘော၊ ကြက်တောင်၊ အားကစားနည်းတို့ဖြစ်ကြပြီး သင်တန်းသား/သူ (၁၃၀) ဦးတက်ရောက်၍ သင်တန်းကာလ မှာ ၁၅ ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ "မြန်မာ့ရိုးရာ အားကစားနည်းဖွံ့ဖြိုးတိုးတက် စေဖို့ ၊မြို့နယ်အတွင်းရှိကျောင်းသားလူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင် စေဖို့၊ မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေဖို့နဲ့ မြို့နယ်အတွင်း ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး အားကစားနည်း(၅)မျိုးတို့နဲ့ အခမဲ့သင်ကြားပေးရခြင်း ဖြစ်ကြောင်း" မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစားရေးဒေါ်အိအိမျိုး ပြောပြချက်အရသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)