ယင်းမာပင် မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီ ဖွဲ့စည်းခြင်းလုပ်ငန်း အစည်းအဝေးကို မေ ၁၃ ရက်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းမော်က ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီ ကို ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဖွဲ့စည်း ဆောင်ရွက်နိုင်ရေးရှင်းလင်း ပြောကြားပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများပါဝင်ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌက ပြည်ပရောက်မြန်မာရွေ့ပြောင်း အလုပ်သမား များ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များကို ချပြရှင်းလင်းပြီး ပြန်လည်ရောက်ရှိလာမည့် ရွေ့ပြောင်းအလုပ်သများကို လက်ခံဆောင်ရွက် ရာတွင် စနစ်တကျစိစစ်၍ စာရင်းများပြုစုရန်နှင့် နေရပ်ပြန်လည် ပို့ဆောင်ရာတွင်လည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ပူးပေါင်းစီစဉ် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
ယင်းမာပင်ခရိုင်