လပွတ္တာ မေ ၁၃
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ(၅၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၅)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၆၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၁၉၇၀ဝိ/-) စုစုပေါင်းရန်ပုံငွေ (၁၇၁၉၇၀ဝိ/-) အား ယမန့်နေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ ကြောင်းသိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်