မိုးညိုမြို့၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရန် အသိပေးခြင်းနှင့် Mask ဖြန့်ဝေခြင်း ဆောင်ရွက်

မိုးညို မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် အပြင်ထွက်သည့် ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းနှင့် Mask များ တပ်ဆင်သွား လာကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇နာရီအချိန်က လူစည်ကားရာနေရာများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် စည်ပင်သာယာဈေး ပတ်၀န်းကျင်ရှိ လမ်းဆုံများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ် ဦးစီးဌာန၊ သ/မဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ငါးလုပ်ငန်း ဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များ ပူးပေါင်း၍ Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)