ပေါင်းတည် မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ချောင်းခွကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားစေရန် ရည်ရွယ်၍ ချောင်းခွကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် အရှင် ဥတ္တမ ကျေးလက်ဆရာတော်မှ ပညာဒါနအဖြစ် မနက်ပိုင်းတွင် အခြေခံကွန်ပျူတာသင်တန်းနှင့် နေ့လည်ပိုင်းတွင် အင်္ဂလိပ်သဒ္ဒါသင်တန်းကို မေလ ပထမပတ်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းမှာ ယခုနှစ်တွင် တတိယအသုတ်ရှိပြီဖြစ်ကြောင်းနှင့် ကျောင်းဖွင့်သည် အချိန်အထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)