ပုလော မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများကို ကိုဗစ် −၁၉ ရောဂါ ကာကွယ် တားဆီးရေး နည်းလမ်းအတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်၊ ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှု ဦးဆောင်သော အဖွဲ့သည် ယနေ့ နံနက် (၉)နာရီခွဲက ပုလောမြို့ အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်းသို့ ကွင်းဆင်း ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
ထိုသို့ ကွင်းဆင်း ကြီးကြပ်စစ်ဆေးရာတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘ အုပ်ထိန်သူများနှင့် ဆရာ/ဆရာမများ ပညာသင်ကြားရာ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် တားဆီးရေးနိုင်ရေး နည်းလမ်းများ အတိုင်း လက်ဆေးရေစင်များ၊ Mask ၊ Face Shield များ၊ အိမ်သာများ၊ စာသင်ခန်း၌ ၆ ပေအကွာ ထိုင်ခုံ ထားရှိမှုများ၊ လေ၀င်လေထွက် ကောင်းမွန်ရေး၊ ဖျားနာသူများ ရှိလာပါက နားနေဆောင်များနှင့် မိဘအုပ်ထိန်သူများ၊ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ အခြေခံပညာကျောင်းများကို သတ်မှတ်ကာလအတွင် ကျောင်းအပ်နှံနိုင်ရေးနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းအုပ် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ တာ၀န်ရှိသူများက ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေးများ ပြုလုပ်ခြင်းနှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများ အတိုင်း ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)