အုတ်ဖိုမြို့နယ်တွင် တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးရန် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

အုတ်ဖို မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း၌ မိုးရာသီရောက်ရှိချိန် နီးကပ်လာပြီဖြစ်သဖြင့် ဒေသခံတောင်သူလယ်သမားများမှ လယ်ယာမြေပြင်ဆင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အတွင်း မိုးစပါးကို ကြဲခင်းစိုက်ပျိုးသူများပြားသဖြင့် မိုးဦးမကျမီ ကြိုတင်၍ စပါးအထွက်နှုန်း ကောင်းမွန်စေရန် လယ်ထွန်စက်များဖြင့် ထယ်ထိုးပေါင်းသတ်ခြင်း၊ မြေညှိခြင်း၊ ရေနေကောင်းမွန်စေရန် ကန်သင်းဖို့ခြင်း၊ ထည်ထိုးပေါင်းသတ်ပြီးပါက ၁၆ဗန်း၊ ၁၈ဗန်း၊ ဗန်း၂၀ အစရှိသည့် ထွန်များဖြင့် ခဲခွဲမြေညှိခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စပါးထွက်ပေါ်ချိန်တွင် စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်းနှင့် ဆောင်းသီးနှံများ ဖြစ်သည့် မတ်ပဲ ၊ ပဲတီစိမ်း တို့ကိုလည်း စျေးနှုန်းပြန်လည် ကောင်းမွန်လာစေရန် မျှော်လင့်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

အောင်သူ(အုတ်ဖို)