ကော့သောင်း မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့သို့ ရောက်ရှိပြီး ကော့သောင်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို နံနက် ၁၀ နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က အဖွင့်ပြောကြားရာ တွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဒေသခံပြည်သူများ စိုက်ပျိုး လုပ်ကိုင်မှုကို အလေးပေးလုပ်ကိုင်ကြရေး၊ မိမိတို့အစိုးရအဖွဲ့အနေနှင့် မြို့ရွာတည်ငြိမ် အေးချမ်း သာယာရေးနှင့် အဖျက်အမှောက် လုပ်ငန်းလုပ်ဆောင်နေမှုများကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ကာလတစ်ခုအတွင်း ရွေးကောက်ပွဲကိုပြန်လည်ကျင်းပပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိကာလအတွင်း လမ်းမှား ရောက်နေကြသည့် လူငယ်များကို အချိန်မရွေး ပြန်လည်ဝင်ရောက်လာရေး သဘောထား ကြီးစွာ ပြန်လည်ခေါ်ယူနေပါကြောင်း၊ နိုင်ငံဝန်ထမ်းများအနေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ တာဝန် ကျေပွန်စွာ နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာကို စောင့်သိကာ အသိတရားဖြင့် တာဝန်ထမ်းဆောင်ကြစေလို ကြောင်း၊ မိမိတို့ တာဝန်ယူစဉ် ကာလအတွင်း အဂတိကင်းစင်အောင် ဆောင်ရွက်ရင်း အောက်ခြေ အဆင့်ဆင့်နှင့် အလွှာအသီးသီး ပြည်သူများသို့ လိုက်လံအားပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လုပ်ငန်းအသစ်(၁၅)မျိုးကို နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေး ခွင့်ပြုလုပ်ကိုင်စေလျက်ရှိပါကြောင်း၊ မိမိတို့ တာဝန်ယူစဉ်ကာလအတွင်း လုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြည်သူများအနေဖြင့် ချိုးချံချွေတာစွာ ပြည်တွင်းဖြစ်ကို အားပေးကြရေးနှင့် လုပ်ငန်းလုပ်ကိုင်သူများ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများ ကျိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် စိတ်ကောင်းစေတနာကောင်းထားကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကျရာအခန်းကဏ္ဍမှ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ တာဝန်ကျေပွန်သည့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော် အနေဖြင့် ထိုက်တန်စွာ ချီးမြှင့်သွားမည့်အစီအစဉ်များရှိကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်မည်ဖြစ်သဖြင့် ဆရာ/ဆရာမများအနေဖြင့် မိမိရင်သွေးများသဖွယ် ကျောင်းသား၊ ကျောင်းသူများကို စိတ်ကောင်း စေတနာကောင်းဖြင့် သွန်သင်ဆုံးမသင်ကြား ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ကော့သောင်း မြို့နယ်ဆိုင်ရာများနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က နိဂုံးချုပ်ပြောကြား ကာ တွေ့ဆုံပွဲအခမ်းအနားကို နံနက်(၁၁)နာရီတွင် ရုတ်သိမ်းလိုက်သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ သည် ကော့သောင်းမြို့နယ်အတွင်းရှိ ဘုရင့်နောင်ရပ်ကွက်နှင့် အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများ သို့ သွားရောက်ကာ ရပ်ကွက်စီမံအုပ်ချုပ်မှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများအား တွေ့ဆုံပြီး မိမိတို့ရပ်ရွာအကျိုးကို စေတနာထား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)