ညောင်တုန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကဒ် ထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်

ညောင်တုန်း မေ ၁၂
 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှအိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရေး ပန်းခင်း စီမံချက်ကို မေလ ၃ ရက်နေ့မှ စတင်၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးရေးပန်းခင်းစီမံချက်ကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် ဝန်ထမ်းများက ဒေသခံ ပြည်သူများအား (၃-၅-၂၀၂၁)မှ (၃-၇-၂၀၂၂) ထိ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြာင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှသိရသည်။
မြို့နယ်(ပြန်/ ဆက်)