ထားဝယ် မေ ၁၂
၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ဒုတိယ(၆)လပတ်အတွင်းဆောင်ရွက်မည့်လုပ်ငန်းများရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင်အောင် က မြို့၏ဂုဏ်သိက္ခာ နှင့် ဥပဓိရုပ်သည် စည်ပင်သာယာရေးအဖွဲ့ပေါ်တွင် မူတည်ကြောင်း၊ မြို့ရဲ့လှပသန့်ရှင်းရေးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ ဥပဓိရုပ်အပေါ် မတင်ပေးနိုင်မှု၊ ဖော်ဆောင်ပေးနိုင်မှုသည် စည်ပင်သာယာရေး အဖွဲ့ပင်ဖြစ်ကြောင်း၊ စိတ်ကူး စိတ်သန်းကောင်းရင် ကောင်းသလောက်မြို့၏ လှပမှုသည် ပေါ်လွင်မှာ ဖြစ်ကြောင်း၊ မြို့၏အလှအပသည်တာဝန်ယူ ပုဂ္ဂိုလ်၏ စိတ်ကူး စိတ်သန်းကောင်းမှု၊ စေတနာထားမှုသည် အလွန် အရေးကြီးကြောင်း၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အတွေးသစ်၊ အမြင်သစ်ဖြင့် စည်ပင်လုပ်ငန်းများအား ရှင်းလင်း တင်ပြပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး က ဆောင်ရွက် ထားရှိမှု အခြေ အနေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စ ီဥက္ကဌဦးတင်အောင် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)