ကျွန်းလှ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပြည်ထောင်စု ရန်ပုံငွေဖြင့် ပေပင်ချောင်ကျေးရွာတွင်ကုန် ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အားမေ(၁၂) ရက်နေ့ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ် ဆေးရာတွင်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူးဦးသိဏ်း မောင်၊အင်ဂျင် နီယာ(SAE) ဦးရဲကိုကိုဝင်းနှင့်ဝန်ထမ်းများက ကုန်ထုတ်လမ်းပြီးစီးမှုကိုတိုင်းတာကြည့် ရှုစစ်ဆေးကြပြီး တင်ဒါအာင်ကုမ္ပဏီမှတာဝန်ရှိသူများတွေ့ဆုံ၍လိုအပ်သည်များအကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါကုန်ထုတ်လမ်းအရှည်(၁)မိုင်၊အကျယ်(၁၂)ပေ၊မြေသားနှင့်ဂျင်းမြေခင်းခြင်းကိုခွင့်ပြုရန် ပုံငွေကျပ် (၃၆ဒသမ၃) သန်းဖြင့် Green Chind Win ကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပြီးလယ်ယာမြေ (၁၅၅)ဧကမှ ထွက်ရှိသော သီးနှံများဈေးကွက်သို့အလွယ်တကူသယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ