ကသာ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ထွက်ရှိသော မရမ်းသီးများကို မြို့ပေါ်ရှိ ဈေးများ၌ ရောင်းချရာ ယခုနှစ်တွင် အသီးများသည် ယခင်နှစ်များလောက် ဈေးကောင်းမရရှိကြောင်း မရမ်းသီးရောင်းချသူများထံမှ သိရသည်။
"ဒီမှာက မရမ်းသီးတွေကို အချိုသီးနှင့် အချဉ်သီး (၂)မျိုးရောင်းပြီး အချိုသီးက တစ်ပိဿာ (၂၅၀၀)ကျပ်၊ အချဉ်သီးက တစ်ပိဿာ(၂၀၀၀)ကျပ်အထိ ရောင်းရတယ်။ ဒီနှစ် မရမ်းသီးရဲ့ ရောင်းဈေးကတော့ အရင်နှစ်တွေထက် ရောင်းအားကောင်းပေမဲ့ ဈေးမရဘူး"ဟု မရမ်းသီးရောင်းချ သူများထံမှ သိရသည်။
မရမ်းပင်များကို ကသာမြို့နယ်အတွင်း စိုက်ပျိုးထားရှိပြီး ထွက်ရှိသော အသီးများကို ကသာမြို့ရှိ ဈေးများအတွင်း၌ အများဆုံး ရောင်းချကြောင်း၊ မရမ်းသီးများကို အသီးငယ်မှစ၍ မှည့်သည့်အချိန်အထိ ရောင်းချရသည့်အတွက် မရမ်းသီးစိုက်ပျိုးရောင်းချသူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)