လပွတ္တာမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

လပွတ္တာ          မေ             ၁၁

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ရွေးနဒီခန်းမ၌  ယမန်နေ့ညနေ ၁၅နာရီ အချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယရဲမှူး အောင်ငွေက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဌာနဆိုင်ရာ၀န်ထမ်းများ၊ စာရေး၀န်ထမ်း၊ ၀န်ထမ်းငယ် များ တက်ရောက်ရန်ဖြစ်ပါတယ်။

၀န်ထမ်းများအနေဖြင့်  ဗုဒ္ဓဘာသာနှင့်ရင်းနှီးကျွမ်း၀င်စေခြင်း၊ ယဉ်ကျေးလိမ္မာစေခြင်း၊ မိမိကိုယ်တိုင် လူတော်လူကောင်း တစ်ယောက်ဖြစ်စေလိုခြင်း၊ ဘ၀၏အကြီးမားဆုံး လိုအပ်ချက် ဖြစ်သည့် မိမိကိုယ်တိုင်ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်းစသည့် မြတ်ဗုဒ္ဓ၏အဆုံးအမများအား သိရှိ လိုက်နာစေလို၍ ယဉ်ကျေးလိမ္မာသင်တန်းအား ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြောကြား သည်။ သင်တန်းသို့ဌာနဆိုင်ရာများ (စာရေး) ၀န်ထမ်းငယ်များ သင်တန်း သား(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်