မအူပင် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မျိုးဆက်သစ် ကလေးငယ်များ ကျန်းမာကြံခိုင်ပြီး မျိုးဆက်သစ် အားကစားသမားများပေါ် ထွန်းရေးအတွက် နွေရာသီအားကစားအခြေခံသင်တန်း(၇)မျိုးဖွင့်ပွဲကို ယမန်နေ့နံနက်၈နာရီက မအူပင်ခရိုင် မိုးလုံလေလုံ အားကစားခန်းမတွင် ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မြင့်က အားကစားသင်တန်း(၇)မျိုးဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အားအဖွင့် စကားပြောကြားကာဖွင့်လှစ်မည့် အားကစားနည်းများဖြစ်သော မြန်မာ့သိုင်း၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ အေရိုးဘစ်၊စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ Fitness Dance စသည့်အားကစား(၇)မျိုးကို အခြေခံသင်တန်းဆောင် ရွက်ရာကျောင်းသား/သူ၊ အားကစားစိတ်ပါဝင်စားသူ(၁၇၉)ဦး နှစ်သက်ရာ အားကစားအလိုက် ပါဝင်ကစားကြပြီး သင်တန်းကာလမှာ မေလ၁၀ရက်နေ့မှ၂၁ရက်နေ့အထိ ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
အောင်ခိုင်