လွိုင်ကော် မေ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ကယားပြည်နယ်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်းများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်း၊ စေတနာနှင့် စွမ်းဆောင်ရည် ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ပေးရန် ကိစ္စရပ်များ၊ ဌာနတွင်း စည်းလုံး ညီညွတ်မှု ခိုင်မာစေရေးနှင့် ပြည်သူလူထု အသိပညာပြန့်ပွားရေးကိစ္စရပ်များ၊ ပြည်သူလူထုအတွင်း သတင်းမှန် ပြန်ကြားပေး ရေးနှင့် သတင်းမှားများ ချေဖျက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး ဝန်ထမ်း များ၏ လုပ်ငန်းအခက်အခဲ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)