“ပန်းခင်း” စီမံချက်အရ တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

ထားဝယ် မေ ၁၁

“ပန်းခင်း” စီမံချက်အရ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးသုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က “ပန်းခင်း” စီမံချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလေးထားပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်ကို အလေးအနက်ထားပြီး လုပ်ငန်းများ ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ လူတိုင်းကိုယ်စီ ကိုင်ဆောင်နိုင်အောင် ကြိုးစား ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့် လိုအပ်သည်များကို တင်ပြဆွေးနွေးပေးကြရန် လိုကြောင်း ပြောကြားသည်။

ထိုနောက် “ပန်းခင်း” စီမံချက်အရ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားပြည်သူများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက လုပ်ငန်းများကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမ(၃)လအတွင်း မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခြင်းနှင့် တပ်ရင်းတပ်ဖွဲ့များသို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယ(၃)လအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကောင်မွန်ပြီး လုပ်ငန်းပမာဏ များပြားသော ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတိယ(၃)လအတွင်း အခြေခံပညာကျောင်းများနှင့် နယ်မြေ အခြေအနေအပေါ် မူတည်၍ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအား တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းအကြောင်းနှင့် ဆောင်ရွက်ပေးမည့်လုပ်ငန်း အခြေအနေများအား ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် လုပ်ငန်း ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)