ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးကျင်းပသည့် (ပထမ)အကြိမ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကျင်းပ

ဟင်္သာတ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် (ပထမ)အကြိမ် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီခွဲက အမှတ်()အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ သင်တန်းကို သင်တန်းနည်းပြဆရာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြစ်ကွေ့ပရိယတ္တိစာသင်တိုက် မြို့နယ်သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဆန္ဒသီရိဘိဝံသက ငါးပါးသီလနှင့် သြဝါဒကထာများကို ရွတ်ပွါးချီးမြှင့်သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်သန်းဝင်းက သင်တန်းနည်းပြဆရာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါသင်တန်းတွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများလမ်းညွှန်မှုဖြင့် အဖွဲ့ဝင်နည်းပြ ဆရာတော်များက သင်ကြားပြသပေးသွားမည်ဖြစ်ရာ ဟင်္သာတခရိုင်နှင့်မြို့နယ်ဌာဆိုင်ရာရုံးများမှ သင်တန်းသား/သင်တန်းသူအမှုထမ်းငယ်(၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ ၁၁ ရက်မှ မေလ ၂၀ ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)