တောင်တွင်းကြီး၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပျက်စီးခဲ့သည့် ကျေးရွာလမ်းအား ပြုပြင်

တောင်တွင်းကြီး မေ ၁၀ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မိုးတွင်းကာလတွင် မိုးသည်းထန်စွာရွာသွန်း ခဲ့ခြင်းကြောင့် တရုတ်ကောအုပ်စု သဖန်းကုန်း ကျေးရွာ မြေနီလမ်းမကြီးမှာ ပျက်စီးသွားသဖြင့် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်တိုးနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ယနေ့တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏လှူဒါန်းငွေများဖြင့် မြေနီကျောက်များ ဝယ်ယူကာ ပျက်စီးသွားသည့်နေရာများကို လမ်းကော်မတီဝင်များ၊ ရွာသူ ရွာသားများက မြေသားတင်ခြင်း၊ မြေနီကျောက်များ ခင်းခြင်း စသည့် လမ်းကောင်းမွန်ရေးစုပေါင်း ပြုပြင်ဆောင်ရွက် ကြကြောင်း နှင့် ယင်းလမ်းမကြီးမှာအရှည် ၁မိုင်၊ အကျယ် ၁၂ပေ ရှိကြောင်းသိရသည်။ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့တွင် အခက်အခဲများကြုံတွေ့ နေရသဖြင့် အဆိုပါလမ်းမကြီးအား စုပေါင်းပြုပြင်ကြခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ဝင်း