အုတ်ဖို မေ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် က အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင် စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်အတွင်း မေလ(၆)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၅)လုံးနှင့် အမိုးလန် ပျက်စီးနေအိမ်(၁၈)လုံးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီး မှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၁၀၁၇၀၀၀) ကျပ်၊ လူဦးရေ(၇၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၁၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆၈၂၀၀)ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၁၇)မျိုး ပါ (၅)အိမ်ထောင်စာတို့အား လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ် မှုကြောင့် သစ်ပင်လဲကျ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀) ကျပ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)