မြန်အောင်မြို့အမှတ်(၂)ရပ်ကွက်တွင် နေအိမ်နှစ်လုံးမီးလောင်ဆုံးရှုံး

မြန်အောင် မေ ၁၀

မြန်အောင်မြို့ အမှတ်(၂)ရပ်ကွက် ဆေးရုံတဲကြီးကုန်းလမ်းတွင် ယနေ့နံနက် ၀၀:၂၀ နာရီအချိန်က ခြင်ဆေးခွေမီးအား ပေါ့ဆစွာသုံးဆွဲမှုကြောင့် နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ် ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပါရမီလူမှုကူညီရေးအသင်းနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၀၀:၄၀ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခြင်ဆေးခွေထွန်း၍ အိပ်ခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊ ပျဉ်ခင်း (၁၅ ပေ)ပတ် လည်(၂)ထပ် သုံးပင်အိမ်နှင့် ခေါင်းရင်းဘက်ရှိ သွပ်မိုး၊ ပျဉ်ခင်း (၂၀ ပေ) ပတ်လည် (၂)ထပ် လေးပင်အိမ်တို့ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲခဲ့သူအား မြန်အောင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ဝင်းဗိုလ် ၊ မြန်အောင်