ဘုရားသုံးဆူ သြဂုတ် ၇
ဘုရားသုံးဆူမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ကပ်ထားလျက်ရှိရာ ယမန်နေ့ ၃ နာရီအချိန်၌ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့က ဘုရားသုံးဆူမြို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုများ၊ ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုနေမှုအခြေအနေ၊ မဲစာရင်းအချက်အလက်များ မှန်/ မမှန် စစ်ဆေးခြင်းနှင့် သတ်မှတ်ပုံစံများ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)