မုံရွာ မေ ၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပမည့် တိပိဋက သာသနာတော်ဆိုင်ရာ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ကြီးမှ သံဃယတော်အရှင်သူမြတ် (၆)ပါး တို့အား စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ရီရီသန်း၊ ဦးတင်သန်းဝင်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် မြို့မိ၊မြို့ဖများက နဝကမ္မအလှူတော်ငွေ ဆပ်ကပ်လှူဒါန်းပွဲကို ရွှေတောင်ဦး ကျောင်းတိုက်၊ ဓမ္မဝိဟာရ ဓမ္မာရုံကြီး၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော် အရှင်သူမြတ်များနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် ဧည့်ပရိတ်များက နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်မှ ဒွီပိဋကဓရ၊ ဒွီပိဋက ကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဓပညာဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် ဧည့်ပရိတ်များက (၅)ပါးသီလ ခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်ကြီးနှင့် စာဖြေသံဃာတော် (၆)ပါးတို့အား လှူဘွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဒွီပိဋကဓရ၊ ဒွီပိဋက ကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဓပညာဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားအား ဆရာတော်အရှင်သူမြတ်များနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် ဧည့်ပရိတ်များက ဗုဒ္ဓသာသနံစိရံ တိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ကြီးမှ တိပိဋက စာဖြေသံဃာတော် အရှင်သူမြတ် (၆)ပါးတို့သည် ရေးဖြေစာမေးပွဲများ အောင်မြင်ပြီးဖြစ်၍ အာဂုဏ်ဆောင် စာမေးပွဲဖြေဆိုရန် သွားရောက်ကြမည့် ပိဋိကပ်(၂)ပုံအောင် ဆရာတော်(၁)ပါးနှင့် ပိဋိကပ် (၁)ပုံအောင် ဆရာတော် (၅)ပါး ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
မုံရွာခရိုင်၊ ပြန်/ဆက်