ရေနံချောင်း မေ ၈
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့တွင်မေလ(၈)ရက်နေ့တွင်ရောက်ရှိသော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ရေနံချောင်းမြို့နယ် အသင်းခွဲရုံး၌ ဘုရားအနေကဇာတင် နှင့် ရုံးအဆောက်အဦသစ်ဖွင့်ပွဲကျင်းပခဲ့သည်။
ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ၊ ရေနံချောင်းမြို့နယ် ရေနံချောင်းမြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် လူမှုရေးသိတတ်မှု ရံပုံငွေ (CSR) ၊ မြန်မာ့ရေနံ မှ သိန်းပေါင်း (၂၂၅)သိန်း ဖြင့် တစ်ထပ် (RC) ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မေ လ (၈)ရက်နေ့ ယနေ့နံနက် (၇)နာရီအချိန်က မြို့နယ်သံဃာ့နာယက ဆာရာတော်များပင့်ဖိတ်၍ ဘုရားအနေကဇာ တင်ခြင်း နှင့် နံနက်(၉)နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမန်ကိုဟော နှင့် အဖွဲ့ဝင်များက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
“ ကျွန်တော်တို့ ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များအနေနဲ့ သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာရင် ပြည်သူများကိုကျန်းမာရေး အထာက်အကူပြုခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီပေးခြင်းများအပြင့် ကိုဗစ်-၁၉ကာလမှာ ကျန်းမာရေး စောက်ရှောက်မှုစင်တာများနှင့် မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစောက်ရှောက်မှုများ ဆောင်ရွက် ပေးတယ် ၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းများဖြန့်ဝေပေးခဲ့ပါတယ် ၊ မြို့နယ် ဆရာဝန်များအသင်းနှင့်ပူးပေါင်းပြီး ပြည်သူများအတွက် အခမဲ့ဆေးပေးခန်း ဖွင့်လှစ်ပေးတယ် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ် ပြည်သူ့ဆေးရုံးကြီးမှာ ပြည်သူများတွက် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ကူညီခဲ့ကြပါတယ် ၊ အခုလ ထဲမှာဆိုရင် ရေနံချောင်းရေနံမြေရဲတပ်ဖွဲ့ဝင်(၂၀)ဦး ကို မေလ (၃)ရက်နေ့ကနေ မေလ(၁၃) ရက်နေ့ထိ ကျန်းမာရေး အသိပညာပေး ရှေးဦးသူနာပြုစုနည်း သင်တန်းပိုချပေးနေပါတယ်၊ ဆက်လက်ပြီးလည်း သင်တန်းများ ဖွင့်လှစ်ဖို့ အစီအစဉ်တွေလဲရှိပါတယ်” ဟု ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမောင်ကိုကပြောသည်။ အဆိုပါအခမ်းအနားသို့မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ မြို့နယ်ဆရာဝင်များအသင်း နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်များက လာရောက် ဂုဏ်ပြုခဲ့ကြကြောင်းသိရသည်။
ငြိမ်းငြိမ်းအိ