၂၀၂၁နှစ် ပြည်ခရိုင် "ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား" (၆) မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ပြည်  မေ  ၈

၂၀၂၁နှစ် ပြည်ခရိုင် "ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား" (၆)မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ ခေတ္တရာမြို့သစ် "မဂ်လာရွှေပြည်" ခရိုင်အားကစား ကွင်း၌ ယနေ့နံနက် ၈နာရီကကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်  ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဉာဏ်ဇော် က အဖွင့်အမှာစကားပြောကြားပြီး  အားကစားစစ်ကြောင်းမှူး ဦးဆောင်သော ပြည် ၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်း အစရှိသည့် ပြည်ခရိုင်ခြောက်မြို့နယ်မှ အားကစားသမားများက အားကစားသစ္စာ အဓိဌာန် ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲစတင်ကျင်းပရာ တာဝန်ကျ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်အသင်း (၂)သင်းဖြစ်သော ပေါက်ခေါင်းမြို့နယ်အသင်းနှင့် ပေါင်းတည်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ အဆိုပါဖွင့်ပွဲ အခမ်းအနားနှင့် ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေး   အဖွဲ့ဥက္ကဌ ဦးဥာဏ်ဇော် ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် ခရိုင်/မြို့နယ်အဆင့် ့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ခရိုင်(၆)မြို့နယ်မှ အားကစားမှူးများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အသင်းသားများ တက်ရောက်ကြည့်ရှု အားပေးကြောင်းနှင့်  ယင်းပြိုင်ပွဲကို မေ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ တစ်ရက်လျှင် ပွဲစဉ်ခုဖြင့် နေ့စဥ်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ပြည်ခရိုင်