လက်ပံတန်း မေ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို မြို့နယ်တာဝန်ရှိသူများမှ ယမန်နေ့ကစတင်၍ လိုက်လံကွင်းဆင်း စစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးရာတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအုပ် ဆရာကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး မကြာမီ ကျောင်းများပြန်လည် ဖွင့်လှစ်မည်ဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက် ရထားရှိမှုများကိုကြည့်ရှု စစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။
ဝင့်နန္ဒာဌေး