မြဝတီမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

မြဝတီ မေ ၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မြဝတီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူအပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က မြဝတီမြို့နယ် ဖားချောင်းကျွေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦး နေဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြဝတီမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးငွေစိုးက  ကျေးရွာများရှိ လူငယ်များသည် အခြေခံကွန်ပျူတာ သင်တန်းကို တတ်မြောက်၍ အသက်မွေးဝမ်းကြောင်းပြုလုပ်ရာတွင် အထောက်အကူပြု နိုင်စေရန်အတွက် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေး ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာ/ဆရာမ(၂)ဦးဖြင့် မေလ (၇)ရက်နေ့မှ(၂၆)ရက်နေ့အထိ သင်တန်းသား(၂၀)ဦးကို သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်ခန်းစာအဖြစ် Microsoft word နှင့် Microsoft Excel တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)