၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ပြသ

ဘားအံ ဩဂုတ် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့်လမ်းညွှန်ချက်များ၊ သိမှတ်ဖွယ်ရာများကို ပြည်သူများအလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သောလက်ကမ်းများ၊ ပိုစတာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများနှင့် လက်ကမ်းများ၊ ပိုစတာများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြည့်ရှုနိုင်ရန်ကပ်ထားပေးလျှက်ရှိသည့်အပြင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအကြောင်း သိကောင်းစရာများ၊ မဲပေးနိုင်ရန် ဆောင်ရွက်ရမည့်အချက်များ၊ မဲဆန္ဒရှင်စာရင်းကြည့်ရှုရန် နှိုးဆော်ချက်များနှင့် မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ အမေးနှင့်အဖြေများအား ထည့်သွင်းပြသပေးထားကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)