ဝန်းသိုမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း ၂၂၀၀ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

 
 
ဝန်းသို မေ ၇
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း(VDP) ရန်ပုံ ငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာပေါင်း ၂၂ရွာအတွက် ရန်ပုံငွေကျပ် သိန်းပေါင်း ၂၂၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါဦးစီးဌာနရုံး အစည်းအဝေး ခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့ သည်။
 
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စော အေးက အဖွင့်အမှာစကားပြောကြားပြီး ကျေး လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Village Development Planning) လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင် ရာတာဝန်ရှိ သူများက အဆိုပါစီမံကိန်း ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာပေါင်း ၂၂ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုး တိုး တက်ရေးစီမံ ကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀စီကို အသီးသီးလွဲပြောင်းပေး အပ်ခဲ့ သည်။
 
ဝန်းသိုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦ:စီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံ ကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၄၅) ရွာ၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာ ရေးနှစ်တွင် ကျေးရွာပေါင်း (၂၉) ရွာ၊ ၂၀၁၉ -၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၂၁) ရွာ စုစု ပေါင်းကျေးရွာ (၉၅) ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ခုဘဏ္ဍာ ရေးနှစ်တွင် ကျေးရွာပေါင်း (၂၂) ရွာတို့၌ ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတား စသည့် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေ:လုပ်ငန်းများကို ကျေးရွာပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။