သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် “လူမှုပြဿနာအဖြေရှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

သာယာဝတီ မေ ၇ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့် တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းကို ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက စာရေးဆရာ ဘသက်ဆွေရေးသားသော “လူမှုပြဿနာအဖြေရှာစာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ချင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သန့်ဇော် (ခရိုင်/ပြန်ဆက်)