မိုးညို မေ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန် ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရ သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ထိန်တောကျေးရွာအုပ်စု၊ ရေသပြာကျေးရွာ၊ ဥတိုကျေးရွာတို့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးပြီး ဇင်းချောင်းအုပ်စု နှမ်းကုန်းကျေးရွာတွင် အ.လ.က(နှမ်းကုန်း) စာသင်ကျောင်းတွင်းရှိ အလျား(၁၀)ပေ၊ အနံ(၈)ပေ၊ အမြင့် (၁၅)ပေရှိ အုတ်ညှပ်ကွန်ကရစ်တိုက် အမျိုး အစား ကျောင်းစာကြည့်တိုက်ပေါ်သို့ မလေးရှားပိတောက်သစ်ပင် လဲကျမှုကြောင် သွပ် (၁၂)ချပ်၊ ဒိုင်း (၄)ချောင်း၊ မြှားတန်း(၂)ချောင်း၊ စာကြည့်တိုက်နှင့် ကပ်လျက်အိမ်သာ သွပ်(၄)ချပ် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၂)လုံးနှင့် စာသင်ကျောင်း စာကြည့်တိုက်နှင့် အိမ်သာအမိုးလန်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး(၁၂၃၅၀၀၀)ကျပ်ခန့်၊ အိမ်ထောင်စု(၂၂)စု၊ လူဦးရေကျား(၄၃)ဦး၊ မ(၃၇)ဦး၊ ပေါင်း (၈၀)ဦးဖြစ်ပြီး နေအိမ်အမိုးလန်ခဲ့သည့် မိသားစုဝင်များသည် ၎င်းတို့နေအိမ်များအား ပြန်လည်ပြုပြင်နေထိုင်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(မိုးညို)