ငဖဲမြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ အားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံပေး

 
ငဖဲ မေ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ပထမအကြိမ်ကာကွယ် ဆေးထိုး နှံပြီးသည့် အသက် (၆၅) နှစ်အထက်သက်ကြီးဘိုးဘွားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက ငဖဲမြို့အခြေခံပညာ အထက်တန်း ကျောင်း၌ စုရပ်ပြုလုပ်၍ထိုးနှံပေးလျက်ရှိသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် ငဖဲမြို့နယ်အတွင်းရှိ ပထမ အကြိမ်ကာကွယ်ဆေးထိုးနှံပြီးသည့် အသက် (၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ၊သံဃာတော်နှင့် သီလ ရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား သွေးပေါင်ချိန်များတိုင်းတာ၍ ကာကွယ်ဆေး ထိုးနှံ ပေးပြီး ဆေးထိုးနှံပြီးနောက် မိနစ်၃၀ စောင့်ကြည့်ခြင်း တို့ကို Social Distancing နှင့်အညီ ဆောင် ရွက်ခဲ့သည်။
ငဖဲမြို့နယ်တွင် လူဦးရေ ( ၂၂၅၀ )ဦးခန့်အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ်လ အတွင်းကထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးကို ဧပြီလ ၂၂ ရက်နေ့နှင့် ဆေးထိုးရန် ကျန်ရှိသူများကို ယနေ့မေလ ၇ရက်နေ့မှ ၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)