မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းများအား (ပထမ) အကြိမ် လေလံတင်ရောင်းချ

မိုးညို မေ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ ဂရန်အင်းများအား ၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ဂရန်အင်းများ လေလံတင်ရောင်းချရာတွင် ၂၀၂၁-၂၀၂၂ ခုနှစ်လုပ်ငန်း ရာသီနှစ် အတွက် လေလံတင်ရောင်းချမည့် ဂရန်အင်း ၃၂ အင်းရှိသည့်အနက် (၆.၅.၂၀၂၁) ရက်နေ့တွင် (ပထမ) အကြိမ် လေလံတင်ရောင်းချရာတွင် ဂရန်အင်း(၈)အင်းရောင်းချခဲ့ရပြီး ကျန်ရှိသော ဂရန်အင်းများကို (ဒုတိယ)အကြိမ်အဖြစ် (၂၁.၅.၂၀၂၁) ရက်နေ့တွင် ထပ်မံရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

လေလံရောင်းချပွဲအခမ်းအနားသို့ အင်းလေလံရောင်းချရေးအဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့၊ ရေလုပ်သားများ၊ အင်းလေလံဆွဲဝယ်လိုသူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ကိုမင်း (မိုးညို)