စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း ယင်းမာပင် ခရိုင်အတွင်း ဒေသဖွံ့ဖြိုးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး

 
မုံရွာ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း သည် တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် မေလ(၅) ရက်၊ နံနက်ပိုင်းတွင် ကျေးလက်လမ်းဦးစီးဌာနမှ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သီးကုန်း -သစ်ရာပင် လမ်း (၆/၀)မိုင် ဂျင်းလမ်း ခင်းခြင်း (၉၀)% ပြီးစီးနေမှုအား ကြည့်ရှု့စစ်ဆေးပြီး သီးကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဆရာ တော်ကြီးအား ဖူးမျှော်ကြည်ညိုပြီး လှူဘွယ် ပစ္စည်းများ ဆပ်ကပ် လှူဒါန်း ခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင် လင်းနှင့် တာဝန်ရှိ သူများသည် ကပိုင်ကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံ ပြည်သူများအား ဆေးကုသပေးနေမှုအား ကြည့်ရှု့ အားပေးပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများအား တိုက်နယ် ဆရာဝန်နှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင်ထံသို့ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ကပိုင်ကျေးရွာရှိ ဘုရားကြီးကျောင်းတိုက် ဓမ္မာရုံကြီးတွင် ကပိုင်ရွာ ဦးကျောင်းတိုက် ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း နှင့် တာဝန်ရှိသူများသည် ကျေးရွာသူ၊ ကျေးရွာသားများအတူ (၅)ပါးသီလ ခံယူဆောက်တည်ကြ ပြီးနောက် ကပိုင် ကျေးရွာ၊ သီးကုန်းကျေးရွာတို့မှ ဘုန်းတော်ကြီးကျောင်း(၇)ကျောင်းရှိ ဆရာ တော်ကြီးများအား ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နှင့် ဝတ္တုငွေများ ဆပ်ကပ်လှူ ဒါန်းကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင် လင်း နှင့် တာဝန် ရှိသူများသည် ကပိုင်၊သီးကုန်း ကျေးရွာတို့မှ ဒေသခံပြည်သူ များနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက အမှာစကားပြောကြားပြီး ဒေသခံ ပြည်သူများမှ မိမိတို့ ကျေးရွာများအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍အသီးသီး တင်ပြကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးကာ ဒေသခံပြည်သူများအား ရွှေတိဂုံဘုရား၏ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် များ လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင် လင်းနှင့် တာဝန်ရှိ သူများသည် ပုလဲမြို့၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ရုံးရှိ ပုလဲရတနာခန်းမတွင် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊မြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက် ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင် လင်း က အဖွင့်အမှာ စကားပြောကြားပြီး ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ ရပ်ကွက်၊ကျေးရွာ များတွင် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက (၁-၅-၂၀၂၁) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၂)အုပ်စုမှ အိမ်ခြေ (၄၀၀)ကျော်ခန့် လေဘေးသင့်ခဲ့ရာ အဆိုပါ လေဘေးသင့် ကျေးရွာများ အနက်မှ ပထမအကြိမ် အဖြစ် ကျေးရွာ(၇) ရွာရှိ အိမ်ထောင်စု(၁၉၂)စုအား ထောက်ပံ့ငွေကျပ် (၁၀၁)သိန်း၊ (၆)သောင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင် လင်းနှင့် တာဝန်ရှိသူများသည် ပုလဲမြို့ ငပယင်းကျောင်း တိုက်တွင် မြို့နယ် သြဝါဒစရိယ ဆရာတော် ကြီးများနှင့် မြို့နယ်သံဃာနာယက ဆရာတော် ကြီးများအား ဖူးမျှော်ကြည်ညိုပြီး ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နှင့် ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင် လင်းနှင့် တာဝန်ရှိ သူများသည် မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ်( ၃၄/၂ နှင့် ၃၄/၇ )ကြားအတွင်း ( ဝမိုင် ၅ဖာလုံ ) မူလ(၃.၆၆m) အကျယ် ကတ္တရာ လမ်းဟောင်းမှ (၅.၅m)အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြင့်တင် နေမှုနှင့် မိုင်တိုင်အမှတ် (၃၁/၄နှင့်၃၂/၀)အတွင်း (၀.၈) km အား (၁၂’)အကျယ် ကတ္တရာလမ်း၏ မျက်နှာပြင်ပျက်စီးနေသော လမ်းချိုင့်ခွက်များအား (၂၅-၅၀) mm ကျောက် (၂၅%) ဖြည့်ခင်းပြီး (၁၉)mm ကျောက်ဖြင့် အနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာရေ ပိတ်လွှာ လောင်းခြင်းလုပ်ငန်း တို့အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိ သူများသည် ပုလဲမြို့နယ်၊ မြကုန်း-သေတ္တရာလမ်းထိပ် လျှပ်စစ်မီးတိုင်ထူလိုင်းဆွဲခြင်း လုပ်ငန်းနှင့် ဌာနဆိုင်ရာ ရန်ပုံငွေများဖြင့် တည်ဆောက်လျှက်ရှိသော မြို့နယ်လယ်ယာ ဖွံ့ဖြို့ရေးဘဏ်ရုံး အဆောက်အဦသစ် တည်ဆောက်နေမှု၊ ပုလဲမြို့၊ မြို့ရှောင်လမ်းတွင် သံကူ ကွန်ကရစ်တံတား အရှည် (၄၅)ပေ၊ (၁၅)ပေအကျယ် တံတား တည်ဆောက်နေမှုနှင့် မြို့နယ် စီမံကိန်းရုံး အဆောက်အဦသစ် တည်ဆောက်နေမှုတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိ သူများသည် ပုလဲမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ (အလျား၇၀ပေ×အနံ၃၀ပေ×အမြင့်၂၄ပေ) အဆောက်အဦသစ် တည်ဆောက် နေမှု နှင့် စားရိပ်သာနှင့် သင်တန်းခန်းမတွင် Covid-19 ရောဂါကာကွယ်ရေး စည်ကမ်းချက် များနှင့်အညီ အိမ်တွင်းမှုသင်တန်း များ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို လှည့် လည်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန် ရှိသူများသည် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းပြန်လည်ဖွင့် လှစ်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး သင်တန်းသူများ ပြုလုပ် ထားသော လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှု့ အားပေး ခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းမင်းထွန်း