ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဘားအံ မေ ၇

ကရင်ပြည်နယ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေး၊ ဘက်စုံအားကစားပြိုင်ပွဲများတွင် ရွက်ပုံးသီးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ပြီးနွေရာသီ အားကစား ပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့တွင် မေလ ပထမအပါတ်မှ စတင်ကာ အားကစားနည်း ခြောက်မျိုးကို သင်တန်းနေရာအလိုက် သင်ကြားပို့ချ ပေး‌နေကြောင်း သိရသည်။

အဆိုပါ ဘားအံမြို့တွင် ပြုလုပ်သော နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သွားရာတွင် ဘောလုံး သင်တန်းကိုအထက(၁)ဘောလုံးကွင်း၊ဘော်လီဘောသင်တန်းကို မိုးလုံလေလုံအားကစားရုံ၊ ဂျူဒို သင်တန်းကို မိုးလုံလေလုံအားကစားရုံ၊ဖူဆယ်သင်တန်းကို မဲဘောင်အနီးရှိP&Hဖူဆယ်ကွင်း၊ တင်းနစ် သင်တန်းကို ကန်သာယာတင်းနစ်ကွင်း၊ ရေကူးသင်တန်းကို ကန်သာယာရှိ ဇွဲကပင် ရေကူးကန်တို့တွင် သင်တန်း ပို့ချလျက်ရှိကြောင်းနှင့် အချို့သင်တန်း အမျိုးအစားများတွင် စာရင်းပေးသွင်းတက်‌​ရောက်မှု နည်းနေသေးသော်လည်း  သင်တန်းကာလဖြစ်သည့် မေလ ၅ ရက်နေ့မှ မေလ၂၄ရက်နေ့အတွင်း  စာရင်းပေးသွင်းသင်တန်းတက်ရောက်ခွင့် ရှိသေးကြောင်း ဘားအံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မှ သိရသည်။

 ဘားအံပြန်/ဆက်