လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

လှိုင်းဘွဲ မေလ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြိုင်ကြီးငူအထူးဒေသ ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းများ နှင့်ကြက်ခြေနီ အသင်းတို့က သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီလ(၄)ရက်နေ့က ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြန်လည်ထိုးနှံပေးခဲ့ကြောင်း သိရှိရ သည်။

မြို့နယ်(ပြန်/ဆက်)