ကျောက်ကြီးမြို့နယ်၌ စာသင်ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေး မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျောက်ကြီး မေ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို မြို့နယ်တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ ကြောင်း သိရသည်။

ထိုသို့ကြည်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင် ရာ ဌာနများမှ တာဝန်ရှိသူများ စာသင်ကျောင်းများက အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်း ရေးများ ပြုလုပ်ထားရန်၊ ကျောင်းပတ်ဝန်းကျင်လုံခြုံရေးအတွက် ရပ်/ကျေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ တပ်မတော်သားများမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လာရောက်တာဝန်ထမ်းဆောင် မည့် ဆရာ/ဆရာမများအား အန္တရာယ်ပြု နှောင့်ယှက်မှုမရှိစေရန် ကြိုတင်စီမံဆောင်ရွက်ထားကြောင်း မိမိတို့ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျောင်းများ အချိန်မီဖွင့်လှစ်၍ သင်ကြားရေး နောက်ကျမှု မရှိစေရန် လိုအပ်ကြောင်း၊ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ စီစဉ်ထားရှိရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောက်ကြီးမြို့နယ်ရှိ စာသင်ကျောင်းများသို့ လိုက်လံစစ်ဆေးခဲ့ပြီး ကျောင်းပေါင်း(၁၃၃) ကျောင်းရှိ သင်ကြားရေးဆရာ/ဆရာမ(၁၂၅၄)ဦးရှိရာ မေလ(၂၄)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံ ပြီး သင်ကြားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

K ခိုင် (ပြန်/ဆက်)