ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ( ARIC ) အစည်းအဝေး ( ၁/၂၀၂၁ ) ကျင်းပ

ပုသိမ် မေလ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကိုကျင်းပသည်။

အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်စွာလှိုင် နှင့် ကောင်စီအဖွဲ့ဝင်များ၊ ရင်းနှီးမြုပ်နှံမှုကော်မတီ တိုင်းဒေသကြီးဦးစီးမှူးနှင့်ကော်မတီဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊သက်ဆိုင်ရာကုမ္မဏီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီတိုင်းဒေသကြီး ဦးစီးမှူး  ဦးသက်ပိုင်မှ        Aung Shwe Thee Construction Company Limited မှ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ်ဖြင့် အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း (စက်ရုံအမှတ်-၂) (စက်ရုံအမှတ်-၃) (စက်ရုံအမှတ်-၄) တို့  ကိုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြု လျှောက်ထားလွှာတင်ပြလာခြင်းကိစ္စနှင့် Ayeyarwaddy Rising Star Company Limited မှရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရေခဲစက်လုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာတင်ပြလာခြင်း ကိစ္စရပ်များကို တင်ပြခဲ့ပြီး သက်ဆိုင်ရာကုမ္မဏီများမှ တာဝန်ရှိသူများက Power Point ဖြင့် အသေး စိတ်ရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရသည်။

၎င်းအပြင် Paddy Star Company မှ အတည်ပြုမိန့် ရရှိထားသော ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု့ဖြင့် ဆန်စပါးအခြေခံတန်ဖိုးမြင့်ဆန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအတွက် တည်ဆောက်ရေး ကာလပြင်ဆင်တိုးမြှင့်လိုခြင်းအတွက် အတည်ပြုပေးပါရန် တင်ပြလာခြင်းကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

မောင်မောင်မြင့် ( iprd)