ရေဦး၊ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင်တိုက်ခတ်ခဲ့သော မိုးသက် လေပြင်း ဒဏ် ကြောင့် သဘာ၀ဘေးသင့်ခဲ့သော မြို့ပေါ် လေးရပ်ကွက်၊ ကျေးရွာအုပ်စု လေးအုပ်စုရှိ အိမ်ထောင်စု၀င်များအား မေ ၆ ရက် နံနက် ၁၀ နာရီက မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ရေးပစ္စည်းများ လက်၀ယ်အရောက် ကွင်းဆင်းပေး အပ်ခဲ့ ကြောင်းသိရသည်။
ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇော်မောင်နှင့် ရပ်ကျေးအုပ်ချုပ် ရေးမှုးများ က အိမ်တိုင်ရာအရောက် သွားရောက်ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ရာတွင် အိမ်ခြေ တစ်ခုချင်းစီ အလိုက် ပျက်စီးဆုံးရှုံးမှုပမာဏအပေါ်မူတည်၍ ထောက်ပံ့ပေးခြင်း ဖြစ်ရာ ပြိုကျပျက်စီးလူနေအိမ်နှစ်လုံးအတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်း၊ အမိုး အကာများ လေလန်ပျက်စီးဆုံးရှုံးခဲ့သော လူနေအိမ်( ၈၁ )လုံးနှင့် ဘုန်းတော် ကြီးကျောင်း၂ ကျောင်း အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၂၄၄၅၀၀၀ ) ကျပ်၊ အဆိုပါအိမ်ထောင်စုများမှ လူဦးရေ ၃၄၃ဦးအတွက် ဆန်ရိက္ခာဘိုးငွေကျပ် ၇၂၀ ၃၀၀ ကျပ်၊ စုစုပေါင်းအနေဖြင့် ထောက်ပံ့ငွေ ကျပ် ၃၃၆၅၃၀၀ ကျပ်နှင့် ပြိုလဲနေအိမ်နှစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၉ မျိုးကို လက်၀ယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
သန်းထိုက် ( ရေဦး )