ပခုက္ကူ မေ ၆
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်ခွဲ အောက် ကလေးငယ်များအား မေလ၆ရက်နေ့တွင် ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသည်။
ပခုက္ကူခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှဆရာဝန်/မများ၊သက်ဆိုင်ရာရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရှိဒေသန္တရ ကျန်းမာရေး ဌာနခွဲရုံးနှစ်ရုံး၌ မေလ၅ရက်နေ့မှစတင်ပြီး ပုံမှန်ကာကွယ် ဆေးများ ပြန်လည်ထိုးနှံ ပေးလျက်ရှိရာ မေလ၆ရက်နေ့အထိ ကိုယ်ဝန်ဆောင် မိခင်(၃၀)ဦး၊ တစ်နှစ်ခွဲ အောက်ကလေးငယ်(၄၅၃)ဦး၊စုစုပေါင်း (၄၈၃)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ဆက်လက်၍“ကျွန်မတို့ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက(၁၀)ဦးနှင့်ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပူးပေါင်း ပြီး ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ကာကွယ်ဆေးထိုးနှံပေးပြီး မွေးခင်းစကလေးငယ်မှ တစ်နှစ်ခွဲ ကလေးငယ်များ အလိုက် တိုက်ဆေး၊ထိုးဆေးအမျိုးအစားများ ရှိပြီးပုံမှန်ကာကွယ်ဆေး ပေါင်း(၇)မျိုး ထိုးနှံ ပေးခြင်း ဖြစ်ကြောင်း၊ထိုပုံမှန်ကာကွယ် ဆေးများထိုးခြင်း လုပ်ငန်းကို မေလ၁၄ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ထိုးနှံပေးရာတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း၊ သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း၊ ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေး ဌာနခွဲ(၂)တွင် ပုံမှန်ကာ ကွယ်ဆေးဦး ဆောင်ထိုး နှံပေးသူ ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ ကျန်းမာရေး ဆရာဝန်မကြီးဒေါ်မြမြသက်က ပြောပြသည်။
ဆလိုင်းကိုကီး