နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်၍ဆေးကုသမှုခံယူရန် အတွက် လာရောက်ပြသလျက်ရှိ

 

နတ်တလင်း  မေ  ၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံ ပြန်လည် ဖွင့်လှစ်၍ ဆေး ကုသပေးလျက်ရှိရာ ကျန်းမာရေးမကောင်းသူများ သားသမီးမွေးဖွားလိုသူများ ရောဂါဖြစ်ပွားနေသူများက လာရောက် ပြသဆေးကုသမှုခံယူလျှက်ရှိသည်။

လာရောက် ဆေးကုသမှုခံယူသူများကို မြို့နယ်ဆရာဝန်ကြီးဒေါ်အေးအေးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများက စနစ် တကျစစ်ဆေး၍ကုသပေးလျှက်ရှိသည်။ဆေးရုံတက်ရောက်ကုသမှုခံယူရမည့်လူနာများကိုလည်း ဆေးရုံ တက် ကုသမှုခံယူစေပြီး စနစ်တကျ ကုသပေးလျက် ရှိသည်။ နတ်တလင်းမြို့နယ်အတွင်းရှိ တိုက်နယ် ဆေးရုံ (၃)ရုံတွင်လည်း ကျန်းမာရေးအတွက် ဆေးကုသမှုခံယူသူများ လာရောက်ပြသကုသလျက် ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်