ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေး မှူးများနှင့်တွေ့ဆုံ

 

ပဲခူး  မေ 

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ၌ မေ ရက်နေ့၊ မွန်းလွဲ  နာရီက တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေးမှူးများနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးကိုအဓိကအခြေခံကြောင်း၊ ပညာရေး၏ အခြေခံသည် ဆရာ/ဆရာမ များပင်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်း၌ ခဏတာ CDM ပါဝင်ခဲ့ရပြီး ပြန်လည် တာဝန် ထမ်းဆောင် လိုသော် လည်း ခြိမ်းခြောက်ခံနေရသည့် ဆရာ/ဆရာမများအား မိမိတို့၏ ညီအစ်ကိုမောင်နှမ စိတ်ထား၍  ပြန်လည် တာဝန်ထမ်းဆောင်နိုင်ရေး စည်းရုံးရေး အသွင် သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်း တည်ငြိမ်စွာ ပညာ သင်ကြားနိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလို ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းတိုင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ နှင့်အညီသာ ရပ်တည်သွားရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် လက်ထောက် ပညာရေးမှူးတို့၏ တင်ပြချက်များပေါ် ကောင်စီအဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ပညာရေးမှူးများ၊ လက်ထောက် ပညာရေးမှူးများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။    

တိုင်းဒေသကြီး (ပြန်/ဆက်)