ရေဦး မေ ၆
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ မြသီတာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဋ္ဌာနဆိုင်ရာအကြီးအကဲ များတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးခင်မောင်မြင့်က ယခုအခါ နိုင်ငံရေး တည်ငြိမ် လာပြီဖြစ်၍ ဋ္ဌာနဆိုင်ရာများအနေဖြင့် ရုံးများပြန်လည် ဖွင့်လှစ်ပြီး ရုံးတက် ရောက်ကြရန်နှင့် ဋ္ဌာနအလိုက်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဋ္ဌာနဆိုင်ရာ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြည်သူ့၀န်ဆောင် မှုရုံး (OSS) ရုံးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဋ္ဌာနဆိုင်ရာများ အနေဖြင့် နယ်မြေကွင်းဆင်းမည်ဆိုပါက သက်ဆိုင်ရာတိုက်နယ် နယ်မြေတာ၀န်ခံများနှင့် ချိတ်ဆက် ဆောင်ရွက်မှသာလျှင် လုံခြုံရေးအတွက် အချိန်မီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ၀န်ထမ်း ထမ်းများနှင့် ဒေသခံပြည်သူများ၏ပါးနပ်မှုကြောင့် မြို့နယ်မှာ အေးချမ်းတည်ငြိမ်ကာ ပိတ်ဆို့မှု မရှိအဆင်ပြေနေလျှက်ရှိကြောင်း၊ ကိုဗစ်ကာလဖြစ်သည့် အားလျော်စွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ယခုအခါ သာသာသ နာ့နွယ်၀င်သီလရှင်များ၊ နိုင်ငံ၀န်ထမ်းများ၊ ၀န်ထမ်းမိသားစု၀င်များကို ဒုတိယအကြိမ်ကိုဗစ် - ၁၉ ကာကွယ်ဆေး အခမဲ့စတင်ထိုးပေးနေပြီဖြစ်ကြောင်း၊ ၂၀၂၀ -၂၀ ၂၁ ဘဏ္ဍာနှစ် ဘတ်ဂျက် ရပြီးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားကြရန်၊ ရေဦး - တမာတောလမ်း ကတ္တရာခင်း ဖို့ရှိကြောင်း၊ စက်မှု လယ်ယာ ပညာရေး ကျန်းမာရေးကဏ္ဍ လုပ်ငန်းများ ဆက်လက် ဆောင် ရွက်သွားမည့် အခြေအနေများ၊ မုတ်စီကျေးရွာအဆင့်မြင့်လယ်ယာ မြေဖော်ထုတ်ခဲ့သည့် ကွင်း အား တောင်သူများထံပြန်လည်အပ်နံပေးခဲ့ရာ တောင်သူများမှကျေနပ်လက်ခံခဲ့ ကြကြောင်း၊ ပါဠိပထမပြန်စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်သလို ရပ်ကျေးရုံးများပြန်လည်ဖွင့်လှစ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းငန်းများ ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းစိုက်ပျိုးရေး မွေးမြူ ရေးဆိုင်ရာပညာပေးကာလရောက်ရှိနေပြီ၊ဖြစ်၍ကွင်းဆင်းအသိပညာပေး လုပ်ငန်းများ အချိန်မီဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၀င်များဖြစ်ကြသော ဗိုလ်မှုး မင်းခေါင်၊ ရဲမှုးမြင့်၀င်း၊ လ.၀.က ဦးစီးမှုး ဦးဇော်မင်းဦးတို့က မိတ်ဆက် စကားများပြောကြာခဲ့ရာ တက်ရောက်ကြသော မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးအသစ်များမှ တစ်ဦးချင်း ပြန်လည်မိတ်ဆက်ကာ အပြောင်းအလဲကာလ ဆောင်ရွက်နေသည့် ဋ္ဌာနလုပ်ငန်းများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဆေးရုံပြန်လည် ဖွင့်လှစ်ရေး၊ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်သင့်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။
သန်းထိုက်(ရေဦး)