ညောင်ပင်ကွင်းကျေးရွာအုပ်စုတွင် COVISHIELD ကာကွယ်ဆေး (ဒုတိယ)အသုတ်၊(ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း ဆောင်ရွက်

 

တနင်္သာရီ  မေလ ၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်း ရွာ ကျေးလက် ကျန်းမာရေးဌာနအတွင်း သံဃာတော်များ၊ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ဈေးဆိုင်နှင့် စားသောက် ဆိုင် ရောင်းချသူများ၊ ဒေသခံ ပြည်သူများကို COVISHIELD ကာကွယ်ဆေး(ဒုတိယ) သုတ်၊(ဒုတိယ)အကြိမ်အဖြစ် မေလ ၅ရက် နံနက်၉နာရီမှ ညနေ ၄နာရီခွဲအချိန်အထိ ထိုးနှံပေးရာ  စုစုပေါင်း(၁၈၆)ဦးတို့က (ဒုတိယ) အကြိမ် လာရောက် ထိုးနှံကြကြောင်း သိရှိရသည်။

အဆိုပါ   Covishield ကာကွယ်ဆေး (ဒုတိယ)သုတ်၊ (ဒုတိယ)အကြိမ်  ထိုးပေးသူများသည်  ဧပြီလ၆ရက်နေ့က ညောင်ပင် ကွင်းရွာကျေးလက်ကျန်းမာရေးဌာနအတွင်း ကာကွယ်ဆေး(ဒုတိယ) သုတ်၊ (ပထမ)အကြိမ်အဖြစ် ထိုးနှံ ပေးခဲ့ သူများ ဖြစ်သည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  ဦးအေးနိုင်   လမ်းညွှန်မှုဖြင့် မောတောင် မြို့ တိုက်နယ်ဆေးရုံမှ တာဝန်ခံ ဆရာဝန် ဒေါက်တာ သီဟအောင်နှင့် ညောင်ပင်ကွင်းရွာ ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာ ရေးမှူး ဦးမြတ်သီလတို့က ကြီးကြပ်ပြီး ကျေးလက်ကျန်းမာရေးဌာန(ခွဲ)များမှ ဆရာမ များက ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များ  နှင့်အညီ ထိုးနှံပေးကြခြင်းဖြစ်ကြောင်း ဆရာ ဦးမြတ်သီလ ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)