လွိုင်ကော်မြို့၌ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့(စိန်ရတုအထိမ်းအမှတ်)အခမ်းအနားကျင်းပ

 

လွိုင်ကော်            မေ         

ကယားပြည်နယ် လွိုင်ကော်မြို့၌ (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ (စိန်ရတုအထိမ်းအမှတ်) အခမ်း အနားကို ယမန်နေ့နံနက် ()နာရီက ပြည်နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကယားပြည်နယ် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြကြိုင်က မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသည့် (၇၅)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ (စိန်ရတုအထိမ်းအမှတ်) မိန့်ခွန်း အား ဖတ်ကြား ခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီးမှူးက စခန်းသာယာလှပရေးဆု လူမှုထူးချွန်(တတိယဆု) နှင့် ကျင့်ဝတ် ဖြေဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့် ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ဖူဆယ်ဘောလုံး အားကစား ပြိုင်ပွဲတွင် ဆုရရှိသူများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်း ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါသိင်္ဂီအေးက ပြည်နယ်အတွင်း နေအိမ်လိုင်းခန်း သန့်ရှင်း သာယာ လှပရေးဆုရရှိသူများအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်အတွင်း နေအိမ်လိုင်းခန်းသန့်ရှင်းသာယာလှပရေးဆုအတွက် ဆုရရှိသူများအား ပြည်နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒု-ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လည်းကောင်း လွိုင်ကော်ခရိုင် မိသားစုစည်းရုံးရေးနှင့်  စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌက လည်းကောင်း ဘောလခဲ ခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌနှင့် ဘောလခဲမြို့နယ် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌတို့ကလည်းကောင်း လွိုင်ကော်မြို့နယ် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌတို့ကလည်းကောင်း ဆုရှရှိသူများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)