ထားဝယ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ထားဝယ် မေ ၅

(၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်

အခမ်းအနားတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက မိန့်ခွန်း ပြောကြားရာ၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်ခဲ့ကြသော ရှေးမီးသတ်သမားကြီးများအား ဂုဏ်ပြုလိုခြင်းနှင့် မျက်မှောက်ခေတ် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်သော မီးသတ်လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့် တာဝန်ထမ်းဆောင် နေကြသည့် တပ်ဖွဲ့ဝင်အားလုံးကို ဂုဏ်ပြုလိုခြင်း အလွန်ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် အခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်းမီးသတ် သမားကောင်း တစ်ယောက်မှာရှိရမည့် ခိုင်မာတည်ကြည်သော စိတ်ဓာတ်လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှုအတွေ့အကြုံရင့်ကျက်မှုနည်းပညာကြွယ်ဝမှုတို့ဖြင့် ပြည်သူကို အလုပ်အကျွေးပြုရန်လိုကြောင်းမီးသတ်လုပ်ငန်း ဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြန်လည်အသုံးချနိုင်အောင် အားထုတ်ကြရန်လိုကြောင်းယနေ့ကျရောက်သော မီးသတ်တပ်ဖွဲ့နေ့ကို အလေးပြုဦးညွတ်၍ အနာဂတ်မှာရင်ဆိုင် ကြုံတွေ့လာနိုင်သော မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူကြရန် ဂုဏ်ပြုပြောကြားခဲ့သည်

ထို့နောက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း က (၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် စံပြမီးသတ်စခန်းဆုအရာရှိအဆင့် မီးသတ်ကျင့်ဝတ် ပြိုင်ပွဲဆုအကြပ်အဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲဆု၊ ပြည်သူ့ဝန်ထမ်းကောင်းဆု၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်

(ထားဝယ်ခရိုင်ပြန်/ဆက်)