တောင်ငူမြို့နယ်၌ လာမည့် မိုးရာသီ၌ စိုက်ပျိုးနိုင်ရန် လူထုဖြန့် ပျိုးပင်ပေါင်း (၇၅၀၀၀) ပျိုးထောင် ထားရှိ

တောင်ငူ မေ ၅ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၌ လာမည့် မိုးရာသီကာလ၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြို့နယ်သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကံရိုး အမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၇၅၀၀၀) ပျိုးထောင် စိုက်ပျိုးထားကြောင်း သိရသည်။ လာမည့် မိုးရာသီကာလ၌ စိုက်ပျိုးနိုင်ရန်အတွက် ကျွန်း( ၂၀၀၀၀) ပင်၊ မန်ဂျန်ရှား(၁၅၀၀၀)ပင်၊ စိန်ပန်း (၄၀၀၀)ပင်၊ ကံ့ကော် (၂၀၀၀)ပင်၊ မယ်ဇလီ (၃၀၀၀)ပင်၊ သပြေ (၁၀၀၀) ပင်၊ မဟော်ဂနီ (၄၀၀၀) ပင်၊ ခရေ (၁၅၀၀) ၊ သစ်ဖြူ (၃၀၀၀) ပင်၊ သင်းဝင် (၅၀၀)ပင် ၊ ရေတမာ (၁၀၀၀)ပင် ၊ ပျဉ်းမ (၂၀၀၀) ပင် ၊ ကုက္ကိုလ် (၂၀၀၀)ပင် ၊ ပန်းတမာ ( ၂၀၀၀) ပင် ၊ ငုရွှေ (၂၀၀၀)ပင် ၊ ယမနေ (၃၀၀၀) ပင်၊ ပိတောက် (၅၀၀၀)ပင် ၊ ပင်လယ်ကဗွီး (၃၀၀၀)ပင် ၊ ပျဉ်းကတိုး (၁၀၀၀) ပင် စုစုပေါင်း ပျိုးပင်ပေါင်း (၇၅၀၀၀) ကို လူထုဖြန့်စိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။ တောင်ငူ (ခရိုင် ပြန်/ဆက်)